ကျန်းမာ​ရေး ၀န်ထမ်းများအတွက် ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးလုပ်ငန်းသင်တန်း

ကိုဗစ်ကာကွယ်​ဆေးထိုးခြင်း လုပ်ငန်းစဥ်များတွင် ပါ၀င်​ဆောင်ရွက်​နေ​သော ကျန်းမာ​ရေး၀န်ထမ်းများအားလုံး အသိပညာအတတ်ပညာများ လုံ​လောက်စွာရှိရန်လိုပါသည်။ သို့မှသာ​ဘေးကင်း၍ အာနိသင်ရှိ​သော ကာကွယ်​ဆေး ထိုးခြင်းကို လုပ်​​ဆောင်နိုင်ပါမည်။ ‘ကျန်းမာ​ရေး ၀န်ထမ်းများအတွက် ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးလုပ်ငန်း သင်တန်း​ပေးခြင်း’ အစီအစဥ်အား နိုင်ငံများမှ ​ရှေ့တန်း ကျန်းမာ​ရေး ၀န်ထမ်းများအတွက် ရည်ရွယ်ပါသည်။ ဤအစီအစဥ်အား UNICEF နှင့် ပူ​ပေါင်း​ဆောင်ရွက်ပြီး မော်ဂျူး ၆ ခုပါ၀င်ပါသည်။ မော်ဂျူးများတွင် ဗီဒီယို သင်ခန်းစာများ၊ ဉာဏ်စမ်းများ၊ အလုပ်​ထောက်ကူများ၊ အပြန်အလှန် သတင်းဖလှယ်နိုင်​​သော ​လေ့ကျင့်ခန်းများ၊ ​ဒေါင်းလုတ်ရယူနိုင်​သော သတင်းအချက်အလက် တင်ဆက်မှုများ ပါ၀င်ပါသည်။

ဓါတ်ပုံ မူပိုင် − WHO/Blink Media – Giliane Soupe

自学
语言: မြန်မာစာ
COVID-19

课程信息

ဤသင်တန်းကို အောက်ပါဘာသာစကားများဖြင့်လည်း ရရှိနိုင်ပါသည်။

English - Bahasa Indonesia - македонски - Русский - 中文- Tiếng Việt- العربية - Español - Nederlands - français - Português - Казақ тілі - ကညီစှီၤကျိာ် - ၽႃႇသႃႇတႆး

သင်တန်းအချုပ်: WHO အဖွဲ့အစည်းသည် ကမ္ဘာ့ကပ်​ရောဂါ တုန့်ပြန်မှုကို အရှိန်အဟုန်မြင့်​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး ဖြန့်ဖြူ​ရေးနှင့် ညီတူညီမျှစွာ ရရှိနိုင်​ရေးတို့အတွက် ကမ္ဘာတစ်၀န်းမှ သိပ္ပံပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အခြား ကမ္ဘာ့ ကျန်းမာ​ရေး အဖွဲ့အစည်းများနှင့် ပူး​ပေါင်း ​ဆောင်ရွက်လျက် ရှိပါသည်။ ဤသင်တန်းမှ ကိုဗစ်-၁၉ ​ရောဂါ၏ ​​ယေဘုယျ အချက်အလက်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး၏ အ​သေးစိတ် အချက်အလက်များဖြစ်​သော သို​လှောင်ခြင်း၊ ကိုင်တွယ်ခြင်း၊ ကာကွယ်​ဆေးထိုးနှံခြင်း၊ မှတ်တမ်းယူခြင်း၊ ကာကွယ်​ဆေးထိုးပြီး​နောက် ​ပေါ်​ပေါက်​သော ​နောက်ဆက်တွဲ ပြဿနာများကဲ့သို့ ဖြစ်ရပ်များကို ​စောင့်ကြပ် ကြည့်ရှုခြင်း၊ ကာကွယ်​​ဆေး လက်ခံနိုင်မှု၊ ​တောင်းဆိုမှုများနှင့်ပတ်သက်၍ သတင်းအချက်အလက်​ပေးခြင်း စ​​သော ကဏ္ဍများကို ဗီဒီယိုသင်ခန်းစာအတိုများမှတဆင့် ​ဆွေး​နွေးသွားပါမည်။ ဉာဏ်စမ်းများဖြင့်လည်း မိမိတို့၏ ဗဟုသုတကို စမ်းသပ်ကြည့်နိုင်ပါသည်။ ဤသင်တန်းကို ကာကွယ်​ဆေး အဓိက ​ပေးခြင်း၊ ထိုးနှံခံခြင်းတို့ ကို ဦးစား​ပေးလုပ်​ဆောင်ရမည့် ​ရှေ့တန်း ကျန်းမာ​ရေး ၀န်ထမ်းများအတွက် အဓိက ရည်ရွယ်ပါသည်။

သင်တန်း၏ ရည်ရွည်ချက်: သင်တန်းပြီးဆုံးလျှင်:

  • ​ရောဂါကို ဖြစ်​စေ​သော SARS-CoV-2 ​ရောဂါပိုးနှင့် ကိုဗစ်-၁၉ ​ရောဂါတို့ကို ​ဖော်ပြတတ်ရန်
  • အ​အေးလမ်း​ကြောင်း စနစ်အတွက်လိုအပ်ချက်များ၊ သယ်ယူပို့​ဆောင်မှု လမ်း​ကြောင်းအမျိုးမျိုးအတွက် သို​လှောင်ခြင်း၊ ကိုင်တွယ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကိုရှင်းပြတတ်ရန်နှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာ ​ရွေးချယ်မှုများ၊ လုပ်ထုံးလုပ်နည်းများကို ​ဖော်ပြတတ်ရန်
  • ကိုဗစ်-၁၉ ကာကွယ်​​ဆေးထိုး လုပ်ငန်းစဥ်၏ ဖြစ်စဥ်များကို ​ဖော်ပြနိုင်ရန်နှင့် ကာကွယ်​​ဆေးထိုး​နေစဥ်တွင် အသုံးပြုသင့်​သော ကူးစက်မှု ကာကွယ်​ရေးနှင့် ထိန်းချုပ်​​ရေး အစီအစဥ်များကို ​သေချာစွာ သိရှိနိုင်ရန်
  • ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးပြီး​နောက် ​ပေါ်​ပေါက်​သော ​နောက်ဆက်တွဲ မလိုလားအပ်​သော ပြဿနာများကို ​သေချာစွာသိရှိနိင်ရန်နှင့် ဤဖြစ်ရပ်များကို မည်သို့ အစီရင်ခံရမည်ကို ရှင်းပြနိုင်ရန်
  • မှတ်တမ်းနှင့် မှတ်ပုံတင်ရန် စာရွက်စာတမ်းများကို သိရှိရန်နှင့် ကာကွယ်​ဆေး ထိုးရန် ပျက်ကွက်သူများကို ​နောက်​ကြောင်းလိုက်နိုင်​စေရန်
  • လူတစ်ဦးစီ မူတည်၍ ကိုဗစ်-၁၉ ကာကွယ်​ဆေးနှင့်ပတ်သက်​၍ အကျိုးရှိ​သော အချက်အလက်များကို မျှ​​ဝေတတ်​စေရန်

စသည့် ကျွမ်းကျင်မှုများ ရရှိနိုင်ပါသည်။

သင်တန်းကာလ: ခန့်မှန်း​ ၃ နာရီ

ဂုဏ်ပြုလက်မှတ်:: ဉာဏ်စမ်း ​မေးခွန်းများကို ၈၀% နှင့် အထက် ​​မှန်ကန်စွာ ​​ဖြေဆိုနိုင်​သော သင်တန်းသားများအတွက် ဂုဏ်ပြုလမ်မှတ်တစ်ခု ရရှိမှာ ဖြစ်ပါသည်။ အောင်မြင်မှုမှတ်တမ်းကို လက်ခံရရှိသူများသည် ဤသင်တန်းအတွက် Open Badge ကိုလည်း ဒေါင်းလုဒ်လုပ်နိုင်ပါသည်။ လုပ်နည်းကိုလေ့လာရန် ဤနေရာကိုနှိပ်ပါ။

ဤသင်တန်းကို UNICEF နှင့် ပူး​ပေါင်း၍ တင်ဆက်ထားခြင်း ဖြစ်ပါသည်။ အချက်အလက်မာတိကာအားလုံးကို WHO မှ ခွင့်ပြု​ပေးထားခြင်း ဖြစ်ပါသည်။

COVID-19 vaccination training for health workers, 2021 မှ မြန်မာ သို့ ပြန်ဆိုထားပါသည်။ ဤဘာသာပြန်၏ အကြောင်းအရာ သို့မဟုတ် တိကျမှုများအတွက် WHO တွင် တာဝန်မရှိပါ။ အင်္ဂလိပ်နှင့် မြန်မာဘာသာပြန်အကြား မကိုက်ညီမှုများရှိလျှင် အင်္ဂလိပ်မူသည်သာလည်း စည်းနှောင်မှုရှိသော၊ မူရင်း မူဖြစ်ပါသည်။ ဤဘာသာပြန်ကို WHO က အတည်ပြုမထားပါ။ ဤအရင်းအမြစ်များမှာ သင်ယူရေးအထောက်အကူများအတွက်သာ ရည်ရွယ်ပါသည်။

课程内容

  • မော်ဂျူး ၁။ ကိုဗစ်-၁၉ ကာကွယ်​ဆေးနှင့် မိတ်ဆက်ခြင်း:

    သင်တန်းမိတ်ဆက်ဖြစ်ပြီး အဓိက ရည်ရွည်ချက်မှာ အ​ခြေခံကျ​သော ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုး လုပ်ငန်းစဥ်၏ သတင်းအချက်အလက်များကို ကျန်းမာ​ရေး၀န်ထမ်းများနှင့် ကာကွယ်​ဆေး​ထိုးပေးသူများ သိရှိနိုင်ရန်ဖြစ်သည်။
  • မော်ဂျူး ၂။ ကိုဗစ်-၁၉ ကာကွယ်​ဆေးများကို သို​လှောင်ခြင်း၊ ကိုင်တွယ်ခြင်း၊ ပို့​ဆောင်ခြင်းနှင့် စွန့်ပစ် ပစ္စည်းများကို စီမံခန့်ခွဲခြင်း။:

    ဤမော်ဂျူးတွင် အပိုင်း ၃ ခုပါ၀င်သည်။ ကိုဗစ်-၁၉ ကာကွယ်​ဆေးကို သို​လှောင်ခြင်း၊ ဖြန့်ဖြူးခြင်း နှင့်ဆိုင်​သော ကာကွယ်​ဆေးထိုးလုပ်ငန်းများကို အစီအစဥ်တကျ လုပ်​ဆောင်ခြငိး၊ ကာကွယ်​ဆေးထိုး စုရပ်များတွင် အ​အေး​လမ်း​ကြောင်း စနစ်များကို စနစ်တကျအသုံးပြုပြီး ကာကွယ်​ဆေးထိုးခြင်းနှင့် ကျန်းမာ​ရေးဌာန အဆင့်တို့တွင် စွန့်ပစ် ပစ္စည်း စီမံ ခန့်ခွဲမှုနှင့်ဆိုင်​သော အသိပညာများပါ၀င်သည်။
  • မော်ဂျူး ၃။ ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုး အစီအစဥ်များကို စီစဉ်​ဆောင်ရွက်ခြင်း။:

    ဤမော်ဂျူးပြီးလျှင် ​အောက်​ဖော်ပြပါ အသိပညာများရရှိနိုင်မည် ဖြစ်သည်။ ကာကွယ်​ဆေး ထိုးနှံ​နေစဥ်အတွင်း ကျန်းမာ​ရေး ၀န်ထမ်းများ၊ ​ဆေးထိုးနှံရန်လာသူများ၊ ပြည်သူလူထုများကို ကူစက်ပိုးမှ ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် နည်းလမ်းများ၊ ကျန်းမာ​ရေးဌာန အဆင့်၊ ပြည်သူလူထုကြား၊ ​ကာကွယ်​ဆေး ပညာ​ပေးပွဲများ စသည့် အ​ခြေအ​နေအသီးသီးတွင် ကာကွယ်​ဆေးထိုးနှံသည့် အစီအစဥ်များကို ကူးစက်​ရောဂါ ကာကွယ် ထိန်းချုပ်​ရေး လမ်းစဥ်အတိုင်း စီမံနိုင်ရန် နည်းလမ်းများ၊ ​ဘေးကင်း လုံခြုံ​သော ကာကွယ်​ဆေးထိုး လုပ်ငန်းစဥ်နှင့် စွန့်ပစ်ပစ္စည်းထားသိုရန် နည်းလမ်းများကို သိရှိနိုင်မည် ဖြစ်သည်။
  • မော်ဂျူး ၄။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ပေါ်သော ပြဿနာများကို ​စောင့်ကြည့်ခြင်း:

    ဤမော်ဂျူး ပြီးဆုံးလျှင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ပေါ်သော ပြဿနာများ ကို ​​​သေချာစွာသိရှိနိုင်ပြီး မည်သို့တုံ့ပြန်​ဆောင်ရွက်ရမည်ကိုပါ ​ဖော်ပြနိုင်ပါမည်။ ထို့အပြင် ထိုပြဿနာများကို မည်သို့ အစီရင်ခံ​ဆောင်ရွက်ရမည်ကို ရှင်းပြနိုင်ပါမည်။
  • မော်ဂျူး ၅။ ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုး မှတ်တမ်းတင်ခြင်းနှင့် စောင့်ကြည့်ခြင်း:

    ဤမော်ဂျူးပြီးလျှင် စနစ်ကျ​သော မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်း၊ မှတ်တမ်းနှင့် မှတ်ပုံတင်ရန် စာရွက်စာတမ်းများကို ​သေချာစွာသိရှိအသုံးပြုတတ်ခြင်း နှင့် အ​ခြေအ​နေ​ပေးလျှင် ကာကွယ်​ဆေး ထိုးရန် ပျက်ကွက်သူများကို ​နောက်​ကြောင်းလိုက်နိုင်ခြင်းတို့ကို ​ဆောင်ရွက်နိုင်ရပါမည်။
  • မော်ဂျူး ၆။ ကိုဗစ် ကာကွယ်​​ဆေးထိုးခြင်းနှင့်ပတ်သက်၍ လူထုအား ဆက်သွယ်ဆွေးနွေးခြင်း :

    ဤမော်ဂျူးပြီးလျှင် ကျန်းမာ​ရေး၀န်ထမ်းများ၏ ကိုဗစ်ကာကွယ်​ဆေး ထိုးနှံမှုနှင့် ပတ်သက်​သော တာ၀န်နှင့် ၀တ္တရားများကို ​ဖော်ပြနိုင်မည်ဖြစ်သည်။ လူတစ်ဦးစီ မူတည်၍ ကိုဗစ်-၁၉ ကာကွယ်​ဆေးနှင့်ပတ်သက်​၍ အကျိုးရှိ​သော အချက်အလက်များကို မျှ​​ဝေနိုင်မည်ဖြစ်သည်။ ရပ်ရွာလူထုများကို ဆက်ဆံ​ပြော​ဆို​ရေး ဗျူဟာများမှ ဖြစ်လာနိုင်​​ချေရှိ​သော ဆက်ဆံ​​ရေး ပုံစံများကို ရှင်းပြနိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ပေါ်သော ပြဿနာများကို ကိုင်တွယ်ရာတွင် ကာကွယ်​ဆေး ထိုး​ပေးသူ၏ အ​ရေး​ပေါ် ဆက်ဆံ​ရေး အ​ခြေအ​နေတွင် မည်သို့ တာ၀န်ယူရသည်ကိုရှင်းပြနိုင်မည်ဖြစ်ပါသည်။

订阅本课程

该课程是免费的。 只需在OpenWHO上注册一个帐户并参加课程!
现在注册吧

证书要求

  • 课程证书 授予者需要至少取得课程总分的百分之 80%